Select Page

ရွှေ့ပြောင်းနေထိုင်ရန် စိတ်ကူးနေပါသလား။

 

 

 

 

 

 

သင်မထွက်ခွာခင် လုံခြုံစိတ်ချစေရန် နှင့် လိုအပ်သော အချက်အလက်များ ရယူပါ။

ပိုမိုသိရွိလိုပါက

သင်မထွက်ခွာခင် လုံခြုံစိတ်ချစေရန် နှင့် လိုအပ်သော အချက်အလက်များ ရယူပါ။

ချိုဇင်ဇာတ်ကြောင်း - သူမ၏ သမီးလေး အနာဂါတ်အတွက် အလုပ်လုပ်ခြင်း ။

 

 

ခင်ပွန်းဆုံးပါးသွားပြီးနောက် သမီးလေး ခက်ခက်စု၏ ပညာရေးကို အထောက်အပံ့ပေးနိုင်ရန်အတွက် အရုပ်စက်ရုံတွင် အလုပ်လုပ်ဖို့ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့သည်။

 

ခက်ခက်စု အဘွားသည် ဆရာမ ဖြစ်လိုသော ကလေး၏ ရည်မှန်းချက် ပြည့်အောင် ၎င်း၏မိခင် ပေးပို့သော ငွေဖြင့် စီမံခန့်ခွဲ နိုင်ပါမည်လား။

ဇေယျာထွန်း၏ ဇာတ်ကြောင်း - အလုပ်အတွက် ရွှေ့ပြောင်းရန် ပြင်ဆင်နေခြင်း

 

ဇေယျာထွန်းသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသော်လည်း ပွဲစားအလိမ်ခံရမည်ကို စိုးရိမ်နေသည်။ သူသည် ရွေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနမှ လိုအပ်သော သတင်းအချက်အလက်များ ရရှိသည်။

 

ကျော်လင်းသည် ပွဲစားအလိမ်ခံရသဖြင့် ရှိသမျှ အကုန်ကုန်သွားသည်။ သူက သင့်ကို မည်သို့ အကြံပေးနိုင်ပါသလဲ။

ယဉ်မေဇော်၏ ဇာတ်ကြောင်း - ပြည်ပမှ စွန့်စားခန်း

 

မရွှေ့ပြောင်းခင် ယဉ်မေဇော်သည် လိုအပ်သည့် သတင်းအချက်အလက်များကို ရနိုင်သမျှ ရှာဖွေ၍ တောက်ပသည့် အနာဂါတ်ကို မျှော်လင့်နေသည်။

 

ယဉ်မေဇော်၏ ဖခင်သည် သမီးနှစ်ယောက်ကို လွမ်းဆွတ်သော်လည်း သူတို့စိတ်ကူး အကောင်အထည်ပေါ်စေရန် ပံ့ပိုးပေးခဲ့သည်။ သူ၏ ပံ့ပိုးမှုသာ မရခဲ့လျှင် သူမသည် ယခုလောက် လုံခြုံစိတ်ချရမည် မဟုတ်ပေ။

နေလင်း၏ ဇာတ်ကြောင်း - ပြည်ပတွင် လုံခြုံစိတ်ချစွာ နေနိုင်ခြင်း

 

နေလင်းသည် မထွက်ခွာခင်သင်တန်းတွင် သင်ယူခဲ့သော သင်ခန်းစာများကို အသုံးချ၍ အလုပ်ရှင်၏ လိမ်လည်ခြင်း မခံရအောင် ပြုလုပ်သည်။

 

နေလင်း၏ မိခင်သည် သားဖြစ်သူ ပြည်ပတွင် လုံခြုံစွာ အလုပ်လုပ်နိုင်ရန် နှင့် လူကုန်ကူးမခံရရေး သေချာစေရန် ပြုလုပ်သည်။

 

 

MRC+LEO အသေးစိတ်


IOM ကကူညီထောက်ပံ့ထားသော ရွှေ့ပြောင်းနေထိုင်သူများ အထောက်အကူပေးရေး စင်တာများသည် ရွှေ့ပြောင်းနေထိုင်ရန် ကြံစည်နေသူများ၏ အခက်အခဲများ ထုတ်ဖော်ပြောဆိုနိုင်ရန် ၊ အကြံပေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နှင့် လိုအပ်သော အချက်အလက်များ ရှာဖွေနိုင်ရန် ပံ့ပိုးပေးသည်။

  • အလုပ်ခန့်အပ်သည့် လုပ်ငန်းစဉ် ၊ အေဂျင်စီများ ၊ ကိုယ်စားလှယ် ပွဲစားများနှင့် ဝန်ဆောင်ခများ
  • ရွေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ
  • နိုင်ငံတကာ အစိုးရများ၏ စည်းမျဉ်းစည်းကမ်းများ
  • ပြည်တွင်း နှင့် ပြည်ပ အလုပ်ခေါ်ခြင်း၏ စည်းမျဉ်းစည်းကမ်းများ
  • ရွှေ့ပြောင်းနေထိုင်သူများအတွက် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အထောက်အကူပေးရေး ဝန်ဆောင်မှုများ
  • တိုင်ကြားနိုင်သည့် နည်းလမ်း ၊ ကျွမ်းကျင်မှု သင်တန်းများ

အောက်ပါ လိမ်လည်အမြတ်ထုတ်မှု အမျိုးအစား (၁၀) မျိုးကို သင်သိပါသလား။


အဓမ္မ ခိုင်းစေခြင်း

အကြွေးဖြင့် ချည်နှောင်ခြင်းဆိုသည်မှာ တစ်စုံတစ်ဦးကို အကြွေးဆပ်ရန် လုပ်ခလစာ နည်းနည်း သို့မဟုတ် လုံးဝမပေးဘဲ ခိုင်းစေခြင်းဖြစ်သည်။ မိမိချေးယူထားသည့် ပမဏထက် လုပ်အားဖြင့် ပြန်လည်ပေးဆပ်ရသည့် ပမာဏက အဆမတန် ပိုများနေတတ်သည်။

အကြွေးဖြင့် ချည်နှောင်ခြင်း

အကြွေးဖြင့် ချည်နှောင်ခြင်းဆိုသည်မှာ တစ်စုံတစ်ဦးကို အကြွေးဆပ်ရန် လုပ်ခလစာ နည်းနည်း သို့မဟုတ် လုံးဝမပေးဘဲ ခိုင်းစေခြင်းဖြစ်သည်။ မိမိချေးယူထားသည့် ပမဏထက် လုပ်အားဖြင့် ပြန်လည်ပေးဆပ်ရသည့် ပမာဏက အဆမတန် ပိုများနေတတ်သည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးခြင်း

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးခြင်း ဆိုသည်မှာ တစ်စုံတစ်ဦးကို ၎င်း၏ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မပြု၍သော်လည်းကောင်း ၊ လိမ်လည်၍သော်လည်းကောင်း သို့မဟုတ် ခြိမ်းခြောက်၍သော်လည်းကောင်း လိင်ဆက်ဆံစေရန်အတွက် ထိုသူကို စည်းရုံးခြင်း ၊ လွှဲပြောင်းပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းဖြင့် ငွေကြေးသို့မဟုတ် အခြား တစ်စုံတရာ အကျိုးအမြတ် ရရှိခြင်းကို ဆိုလိုသည်။

ကလေးလုပ်သား

ကလေးများကို လူကုန်ကူးခြင်း ဆိုသည်မှာ (အသက် ၁၈ နှစ်အောက်) ကလေးများကို လိမ်လည် အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း ၊ လွှဲပြောင်းခြင်း ၊ သယ်ယူပို့ဆောင်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုလိုသည်။။

အဓမ္မ တောင်းရမ်းခိုင်းခြင်း

အချို့တောင်းရမ်းသူများမှာ အခြားသူများက အတင်းအဓမ္မခိုင်းစေခြင်းဖြစ်သည်။ ၎င်းတို့တောင်းရမ်းရရှိသမျှ အားလုံး သို့မဟုတ် အများစုကို ခိုင်းစေသူသို့ ပေးအပ်ရသည်။

ကိုယ်တွင်းအင်္ဂါများ မှောင်ခိုကူးခြင်း

ကိုယ်တွင်းအင်္ဂါများ မှောင်ခိုကူးခြင်းဆိုသည်မှာ တစ်စုံတစ်ဦးကို ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါများ ထုတ်ယူရန် ရည်ရွယ်ချက်ဖြင့် မှောင်ခိုကူးခြင်းဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများ ဝယ်ယူခြင်း ၊ ရောင်းချခြင်းကို တရားဥပဒေအရ ပိတ်ပင်ထားသည်။

အတင်းအဓမ္မ လက်ထပ်စေခြင်း

တစ်စုံတစ်ဦးကို မိမိအလိုဆန္ဒမပါဝင်ဘဲ လိမ်လည်၍ ၊ ခြိမ်းခြောက်၍ ၊ ဖိအားပေး၍ လက်ထပ်ထိမ်းမြားစေခြင်းဖြစ်သည်။ အတင်းအဓမ္မလက်ထပ်စေခြင်းသည်လည်း လူကုန်ကူးမှုဖြစ်စဉ်တွင် လိမ်လည်အမြတ်ထုတ်သည့် ပုံစံတစ်မျိုးဖြစ်သည်။

အိမ်ဖော်လုပ်ကိုင်ရန် လူကုန်ကူးခြင်း

အာရှ ပစိဖိတ်ဒေသတွင် အိမ်ဖော်အလုပ်လုပ်ကိုင်သူ ခန့်မှန်းခြေ ၁.၉ သန်း သည် အမြတ်ထုတ်ခံနေရသည်။

ကလေးစစ်သား

ကလေးစစ်သားဆိုသည်မှာ (အသက် ၁၈ နှစ်အောက်)ကလေးငယ်များကို စစ်ဖြစ်ပွားသည့်နေရာများတွင် တိုက်ခိုက်ရန် စည်းရုံးခြင်း ၊ ကုန်ထမ်းစေခြင်း ၊ အလုပ်ကြမ်းလုပ်စေခြင်း ၊ သူလျှိုလုပ်စေခြင်း၊ အစောင့် ၊ အသေခံဗုံးခွဲသူ ၊ သို့မဟုတ် လူသားတံတိုင်းအဖြစ် အသုံးချခြင်းမျိုးကို ဆိုလိုသည်။

ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးခြင်း

ငါးဖမ်းရေယာဉ်များနှင့် လုပ်သားများသည် ငါးအများအပြားမိစေရန် ပို၍ ပို၍ ဝေးလံသော ပင်လယ်ပြင်သို့ ထွက်ခွာရသည်။ ယင်းအချက်ကြောင့်ပင် လုပ်သားများကို အမြတ်ထုတ်ရန် ပိုမိုလွယ်ကူစေသည်။

ပိုမိုသိလိုပါက

လူကုန်ကူးခြင်း ဆိုသည်မှာ အဘယ်နည်း။

 

လူကုန်ကူးခြင်းသည် တစ်ကြိမ်တည်း နှင့် ဖြစ်ပွားခြင်းမဟုတ်ပေ။ လုပ်ကိုင်ခြင်း ၊ နည်းလမ်း နှင့် ရည်ရွယ်ချက် ဟူ၍ အဆင့် သုံးဆင့်ပါဝင်သည့် ဖြစ်စဉ်ဖြစ်သည်။

 

သင်မထွက်ခွာခင် ဒါတွေ သိပါ

 

လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာလိုပါက တရားဝင် ပတ်စပို့၊ ဗီဇာ နှင့် အလုပ်လုပ်ခွင့် ပါမစ်တို့ အရေးကြီးသည်။

ပရစၥနာ

 

ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးခြင်းမှာ ဆိုးရွားလှသော ပြဿနာဖြစ်သည်။ နာမည်ကြော်ကြားသူများနှင့် ပူးပေါင်း၍ ယင်းအမှန်တရားကို ဖော်ထုတ်နေပါသည်။

အသုံးဝင်သည့် အရင်းအမြစ်များ